မြန်မာအစိုးရ၏ နျူကလီးယား သံသယဖြစ်ဖွယ် နေရာများကို ဝင်ရောက်စစ်ဆေးခွင့်ပြုရန် သဘောတူညီပြီး ရက်သတ္တ အနည်းငယ်အကြာ၌ အမေရိကန်နှင့် မြန်မာ နျူကလီးယားဆိုင်ရာ အရာရှိများ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု အမေရိကန် သံရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားကြောင်း The International News သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား ပြုံယမ်းအစိုးရနှင့် စစ်ရေးပူးပေါင်းမှုများ ရှိနေသည်ဟု သတ်မှတ်ခံထားရပြီး၊ မကြာသေးမီကမှ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့် လုပ်ဆောင်လာခြင်းကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ရပ်ဆိုင်းထားခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။