ရုရှားနိုင်ငံသည် အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ၂၀၁၂ ခုနှစ်အတွင်း ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့ကြောင်း The New Indian Express သတင်း တရပ်တွင် ဖော်ပြသည်။ “ရှေးဦး ရေတွက်တာတွေ အရ နိုင်ငံတကာကို လက်နက်တင်ပို့ ရောင်းချတာ ၁၅.၁၆ ဘီလီယံ လောက် ရှိပါတယ်။ ဒီ ပမာဏဟာ ကျနော်တို့ရဲ့ မူလရည်ရွယ်တာရဲ့ ၁၁၁.၈ ရာခိုင်နှုန်းဖြစ်ပါတယ်” ဟု ရုရှား စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ် အကြီးအကဲ Alexander Fomin က ပြောသည်။ ၂၀၁၁ ခုနှစ် ရုရှားအစိုးရ၏ ထုတ်ပြန်ချက်အရ လက်နက် ၁၃.၂ ဘီလီယံဖိုး ရောင်းချခဲ့ပြီး အမေရိကန်ပြီးလျှင် ဒုတိယ ကမ္ဘာ့ လက်နက်အများဆုံး ရောင်းချသည့် နိုင်ငံဖြစ်သည်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုရင် အထွေထွေ နိုင်ငံခြားပို့ကုန်တွေ မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၃ ကစပြီး ၃ ဆလောက် ပိုများပြားလာတာပါ” ဟု ၎င်းက ဆိုသည်။ အိန္ဒိယနိုင်ငံ အပါအဝင် မြန်မာ၊ ဗီယက်နမ်၊ ဗင်နီဇွဲလားနှင့် အရှေ့အလယ်ပိုင်း ဒေသရှိ နိုင်ငံများသည် ရုရှားနှင့် လက်နက်ရောင်းဝယ်ရေး ကုန်သွယ်မှု အများဆုံး ပြုလုပ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။