နိုင်ငံတကာ အဆင့်မီ စီးပွားရေး မြို့တော်အဖြစ် ရောက်ရှိလာစေရန် ရည်ရွယ်လျက် ရန်ကုန်မြို့တွင် စီးပွားရေး ဇုန်များ တည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့ကို အဆင့်မြင့် စီးပွားရေး မြို့တော်တခု အဖြစ် ရောက်ရှိစေရန် မဟာဗျူဟာ စီမံကိန်းများ ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ယင်းအတွက် ဦးစားပေး စီမံကိန်းများကို ၂၀၁၄ ခုနှစ်တွင် အသေးစိတ် ရေးဆွဲရန် စီစဉ်ထားကြောင်း၊ လာမည့် မတ်လနှင့် စက်တင်ဘာလများ အတွင်း ရှေ့ပြေး လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။ ယင်းစီမံကိန်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ အမ်စီစီ ခန်းမနေရာ အနီးဝန်းကျင် ဧရိယာ၊ ဝိတိုရိယ ဆေးရုံအနီး မြေနေရာနှင့် ရှစ်မိုင်လမ်းဆုံရှိ မြိုင်ဟေဝန် ပန်းခြံနေရာများ ပါဝင်သည်ဟု သိရသည်။ ယင်း စီးပွားရေးဇုန်များတွင် လူနေခန်း၊ ဟိုတယ်၊ ကုမ္ပဏီရုံးခန်းနှင့် စတိုးဆိုင်ကြီးများ ပါဝင်မည် ဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ အကူအညီပေးရေး အဖွဲ့အစည်းများက အတည်ပြုချက်ဖြင့် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။