မြန်မာနိုင်ငံအတွက် ရရှိမည့် နိုင်ငံခြား အကူအညီ အထောက်အပံ့များနှင့် ပတ်သက်၍ ယနေ့ုထုတ် ကြေးမုံသတင်းစာ၌ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု ပူပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ ရလဒ်များ ခေါင်းစဉ်ပါ ဆောင်းပါးဖြင့် ရေးသား တင်ပြထားသည်။ နိုင်ငံခြား အကူအညီ အထောက်အပံ့များ အဖြစ် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅၂ ဒသမ ဝ၇ သန်း ရရှိခဲ့ရာမှ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ဝ၆ ဒသမ ၆၄ သန်း ရရှိပြီး၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၉၁ ဒသမ ၈၆ သန်း ကတိကဝတ် အဖြစ် အဆိုပြု လျာထား သတ်မှတ်ထားကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံတကာ မိသားစုများ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကောင်းမွန် လာသည်နှင့် အမျှ အကူအညီ အထောက်အပံ့များပေးရန် စိတ်ဝင်စားမှု ရှိလာသည်နှင့်အညီ အထောက်အပံ့ ပမာဏသည်လည်း တိုးတက် များပြားလာရန် အလားအလာရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။