သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Bansomdejchaopraya Rajabhat University (BSRU) က စီမံခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က သမ္မတနေအိမ်တော်၌ ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BSRU ကို ၁၈၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအတွက် ဦးစားပေး သင်ကြားပို့ချပေးနေသည့် တက္ကသိုလ် ဖြစ်သည်။ ယင်းတက္ကသိုလ်သည် ၁၉၉၅ ခုနှစ်တွင် ထိုင်းနိုင်ငံ တော်ဝင်ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိခဲ့ပြီးနောက် ၂ဝဝ၄ ခုနှစ် ဇွန် ၁၄ ရက်တွင် ထိုင်းဘုရင်ကြီးက Institute of Rajabhat အဆောင်အယောင်ကို အပ်နှင်းခဲ့သဖြင့် တော်ဝင်တက္ကသိုလ်တခု ဖြစ်လာခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။