“စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲ” ကို ဖျက်သိမ်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ စာနယ်ဇင်းများ မထုတ်ဝေမီ စာပေစိစစ်ရေးသို့ ဆင်ဆာ ကြိုတင်ရသည့် စနစ်ကို ၂၀၁၂ သြဂုတ်လအတွင်း ဖျက်သိမ်းခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခွင့်ပြုချက်ဖြင့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲကို ဆက်လက် ဖျက်သိမ်းခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။