ထိုင်းဘုရင်အား ဝေဖန်သည့် ဆောင်းပါး နှစ်ပုဒ်ကို ဗွိုက်စ်အော့ဖ် သက်ဆင် အမည်ရှိ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ အယ်ဒီတာ ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပြီး ယင်း မဂ္ဂဇင်းကိုလည်း ပိတ်လိုက်ကြောင်း သိရသည်။ ဆောင်းပါး ရေးသူကို စွဲချက်တင်ခြင်း မရှိဘဲ တည်းဖြတ်သူ အယ်ဒီတာကိုသာ စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အယ်ဒီတာ ဆွမ်ယော့ပရက်ဆာခါဆမ်ဆွတ် က ကိုယ်တိုင်ရေးသားခြင်း မဟုတ်ဘဲ တည်းဖြတ်ခြင်းသာ ပြုလုပ် ခဲ့သဖြင့် အပြစ်မရှိကြောင်း၊ ဘုရင်မင်းမြတ် ကိုယ်တိုင်က ၎င်းအား ဝေဖန်ရေးသားခြင်းကို ကန့်ကွက်မည် မဟုတ်ကြောင်း ထုချေခဲ့သည်။ ထိုင်းနိုင်ငံ၏ ဥပဒေအရ ဘုရင်စနစ်ကို ဝေဖန်ခွင့်မရှိကြောင်း သိရသည်။ ယင်း ဥပဒေကို ပြင်ဆင်ရန် ဆွမ်ယော့က လူ ၁၀၀၀၀ ၏ ထောက်ခံလက်မှတ်များ စုဆောင်းပြီးနောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ကြေးမုံသတင်းစာက ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။