ဆီးဂိမ်းတွင် အားကစားနည်း ၅ မျိုး မြန်မာ ဖြုတ်ပယ်

Hits:1,209
0   | |

မြန်မာပြည်တွင် ပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတွင်  အားကစားနည်း ၅ ခုကို အိမ်ရှင် မြန်မာနိုင်ငံက ဖြုတ်လိုက်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။ ယင်း ဖြုတ်လိုက်သည့်  ကစားနည်း ၅ ခုမှာ တင်းနစ် (Tennis)၊ စားပွဲတင်တင်းနစ်/ပင်ပေါင် (Table tennis)၊ ကြက်တောင် (Badminton)၊ ဘားတန်းခုန် (Gymnastics)၊ ဟော်ကီ (Field hockey) တို့ ဖြစ်သည်။ ထိုသို့ အားကစား ၅ ခု ဖြုတ်လိုက်ခြင်းကြောင့် ထိုင်းနှင့် စင်ကာပူတို့က လာမည့် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ဆီးဂိမ်းအဖွဲ့ချုပ် ဆွေးနွေးပွဲတွင် ကန့်ကွက်ပြောဆိုမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၁ တွင် ကျင်းပရန် လျာထားသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဖြစ်သည်။


2 Responses

Leave a Reply

Your email address will not be published. Required fields are marked *

  1. ဌေးဝင်း

    အာကစားနည်း.၅..မျိုးဖြုတ်ပြီး…….ကြက်ဖခွက်..ထုတ်စ်ီးတိုး…သေ၇ဂွင်းပစ်…တူတူပုန်း….သံပုန်းရိုက်..ကစားနည်းတွေကို….အစားထိုးသင့်ပါတယ်…ဒါမှ…”ကိုဖင်ခေါင်း”ပြောသလို…ဗမာ့အားကစား…ကဘာကိုလွှမ်းမှာပေါ့။

  2. ဘမောင်

    ဗမာ့သွေးကတော့ပြဘီ။
    ကိုယ်မနိုင်တော့ဘူးထင်တဲ့ပွဲတွေ ဖြုတ်ပစ်တယ်။ စောစောကတည်းကသာ ဖြုတ်ထားရင် ကိုယ် ညစ်မှန်းသူများမသိတော့ဘူးပေါ့။
    ခုတောင်ဖြုတ်တာ နဲနဲစောနေသေးတယ်။
    ဖွင့်ပွဲ လုပ်ပြီး လို့ ကစားတဲ့ကွင်းထဲရောက်မှ ဒီကစားနည်းကို ဖြုတ်ထားတယ်ဆိုတာ၊
    နိုင်ငံခြား အားကစားသမားတွေကို သိစေသင့်တယ်။
    အဲဒီတော့မှ သူတို့လဲမှတ်သွားမယ်။
    မြန်မာဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ။
    နောင်လဲ လာပြိုင်ရဲတော့မှာမဟုတ်ဘူး။
    ကိုယ်မြန်မာချည်းဘဲ ပြိုင်မှ၊ ရွှေတွေ အားလုံးရ။ မြန်မာပထမရမှာ။
    ဘယ်လောက်ပိုင်သလဲ။