မြန်မာပြည်တွင် ပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတွင် အားကစားနည်း ၅ ခုကို အိမ်ရှင် မြန်မာနိုင်ငံက ဖြုတ်လိုက်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။ ယင်း ဖြုတ်လိုက်သည့် ကစားနည်း ၅ ခုမှာ တင်းနစ် (Tennis)၊ စားပွဲတင်တင်းနစ်/ပင်ပေါင် (Table tennis)၊ ကြက်တောင် (Badminton)၊ ဘားတန်းခုန် (Gymnastics)၊ ဟော်ကီ (Field hockey) တို့ ဖြစ်သည်။ ထိုသို့ အားကစား ၅ ခု ဖြုတ်လိုက်ခြင်းကြောင့် ထိုင်းနှင့် စင်ကာပူတို့က လာမည့် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ဆီးဂိမ်းအဖွဲ့ချုပ် ဆွေးနွေးပွဲတွင် ကန့်ကွက်ပြောဆိုမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၁ တွင် ကျင်းပရန် လျာထားသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။