မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယနေ့ တောင်ကိုရီးယား နိုင်ငံသို့ ရောက်ရှိကြောင်း သတင်း ရသည်။ ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် အပါအဝင် မကြာသေးခင်က ရွေးကောက်ပွဲ၌ အနိုင်ရထားသော တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတလောင်း Park Geun-hye နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ထိပ်သီး စည်းဝေးပွဲ၌ မိန့်ခွန်းပြောကြားရန်ရှိကြောင်း ဆင်ဟွာ သတင်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဇန်နဝါရီ ၂၄ ရက်က အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ကျွန်း ဟိုနိုလူလူတွင် ကျင်းပသည့် Rotary Global Peace Forum သို့ တက်ရောက်ခဲ့ပြီး နောက် တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။