သမ္မတ ဦးသိန်းစိန်သည် ကိုးရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် အမျိုးသားမူဝါဒ ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ နှင့် မြန်မာ-ကိုးရီးယားစီးပွားရေး ဖလှယ်မှု အသင်း ဥက္ကဋ္ဌ H.E. Mr. Kim Jung-hoon ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ရေနက်ဆိပ်ကမ်းများ၊ ရထားပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအင် ကဏ္ဍတွင် နည်းပညာ ဖလှယ်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ သင်္ဘော တည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ရေသန့်စင်မှု နည်းပညာ ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြင့်လာစေရေး၊ ပညာတော်သင် စေလွှတ်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။