နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ငြိမ်းချမ်းရေး လမ်းလျှောက် သူများနှင့်အတူ လိုက်ပါသတင်း ယူသူ ပြင်သစ်နိုင်ငံသား Mr. Christofa ကို ပြည်နှင်ပေးခြင်း မဟုတ်ဘဲ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။ သို့ရာတွင် ပြင်သစ်နိုင်ငံသားကို တောင်ငူမြို့နယ် အမေ့အိမ် တည်းခိုခန်းမှ အာဏာပိုင်များ ခေါ်ဆောင် လာစဉ်က ပြည်နှင်ဒဏ် ပေးမည်ဟု တောင်ငူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ ဝန်ထမ်းတချို့က ဧရာဝတီ၏ မေးမြန်းချက်ကို ယနေ့နံနက်က ဖြေကြားခဲ့သည်။ ပြင်သစ်နိုင်ငံသားကို တောင်ငူမြို့နယ် လဝက ဦးစီးအရာရှိ ဦးစန်းဝင်းနှင့်အတူ အာဏာပိုင်များက ရန်ကုန်မြို့သို့ ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံသားသည် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဦးရဲထွဋ်က အတည်ပြု ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။