သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ရန် သဝဏ်လွှာ ပေးပို့မှုကို ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတတော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီ ဖြစ်သည်။ သို့ရာတွင် ဧရာဝတီတိုင်း ဒေသကြီးမှ လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်ဉာဏ်က ဧရာဝတီတိုင်း ဒေသကြီးမှ မဲဆန္ဒရှင်များက ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့်သာ တာဝန်ယူစေလိုကြောင်း၊ တရာဥပဒေစိုးမိုးမှု ပျက်ပြားနေသော ဧရာဝတီတိုင်းတွင် ဦးဆန်းဆင့်ကို ပြည်သူများက လွှတ်တော် ဥက္ကဋ္ဌအဖြစ် မြင်လိုကြောင်း၊ ဦးဆန်းဆင့်၏ သဘောထားကို ထပ်မံတောင်းခံ သင့်သည်ဟု အဆိုပြုတင်ပြခဲ့သည်။ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ ပြည်သူ့သဘောထားသည် သမ္မတနှင့်သာ သက်ဆိုင်သည်ဟု ပြောဆိုခဲ့သည်။ ဧရာဝတီတိုင်းတွင် ဦးဆန်းဆင့် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆက်လက်တည်ရှိရေး ပြည်သူများက လက်မှတ် ရေးထိုးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။ သာသနာရေး ဝန်ကြီးဦးမြင့်မောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတဦးသိန်းစိန်က အမိန့်ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။