ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာန ဝန်ထမ်းများကို မကြာသေးခင်က အရေးယူမှုများ ပြုလုပ်ကြောင်း သိရသည်။ အကောက်ခွန် အဆင့်မြင့် အရာရှိ နှစ်ဦး အပါအဝင် ဝန်ထမ်း ၃၅ ဦး အရေးယူပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီး ဌာန ကို ကိုးကား၍ The Voice Weekly သတင်းတပုဒ်၌ ဖော်ပြထားသည်။ တာဝန် ပျက်ကွက်ခြင်း၊ မမှန်မကန် လုပ်ကိုင်ခြင်း များနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များက သက်သေ အထောက်အထားနှင့် တိုင်ကြားသည့်အတွက် အရေးယူခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။