မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင်ကို ကျင့်သုံး၍ စီးပွားရေးလုပ်ငန်း အမျိုးအစားများ သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ၁/၂၀၁၃ ကို ယမန်နေ့က ထုတ်ပြန်ခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်း ကြေငြာချက် အရ လုပ်ကိုင်ခွင့်မပြုသည့် စီးပွားရေး လုပ်ငန်း အမျိုးအစား စာရင်းတွင် ၂၁ မျိုး၊ နိုင်ငံသားနှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေး လုပ်ငန်းအမျိုးအစားတွင် ၄၂ မျိုး နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာ၏ သဘောထားမှတ်ချက်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့် သီးခြားပြဋ္ဌာန်းထားသည့် အခြေအနေ တရပ်ဖြင့် ဆောင်ရွက်ခွင့် ပြုသည့် စီးပွားရေး လုပ်ငန်းအမျိုးအစားများ စာရင်းတို့ ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။