လာမည့်လတွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် Cobra Gold (ရွှေမြွေဟောက်) စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် မြန်မာတပ်မတော်မှ အရာရှိ ၂ ဦး ပထမဆုံးအကြိမ်အဖြစ် သွားရောက် လေ့လာမည် ဖြစ်ကြောင်း သိရသည်။ ယင်း စစ်ရေးလေ့ကျင့်မှု လေးလာရေးနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး Tarnchiyan Srisuwan က မြန်မာသည် ၁၀၁ နိုင်ငံမြောက် လာရောက်လေ့လာသည့် နိုင်ငံဖြစ်ကြောင်း ပြောသည်။ ယခုနှစ်တွင် ပြုလုပ်မည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ ကိုးရီးယားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ စစ်သား ၁၂၇၀၀ ပါဝင်မည်ဖြစ်သည်။ ထိုင်းနှင့် အမေရိကန်တို့ အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ သဘာဝဘေးရန် ကူညီကယ်ဆယ်ရေး တို့တွက် နှစ်စဉ် ပူးပေါင်းလေ့ကျင့်မှုများ ရှိကြောင်း ၎င်းက ပြောဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။