ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် ဆိုင်ရာများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိးတိုးတက်ရေး၊ မူးယစ်ဆေးဝါး ပြဿနာ စသည်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အစ္စရေးနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Major General Ehud Shani (Sachonwetter)နှင့်လည်း ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။ မြန်မာ-အစ္စရေး နှစ်နိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ လေ့ကျင့်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးများကို ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။