မြန်မာနိုင်ငံသည် အပြောင်းအလဲများ ပြုလုပ်လာခြင်း၊ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု များပြားလာခြင်းတို့ကြောင့် အာရှ၊ ဥရောပ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွား တိုးတက် များပြားလျက်ရှိကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ပြီးခဲ့ သည့် ၂၀၁၂ အတွင်း အာရှနိုင်ငံများမှ လာရောက်လည်ပတ်မှုတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ၉၄၃၄၂ ဦး၊ ဒုတိယ အများဆုံးမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ၇၀၈၀၅ ဦး ဖြစ်သည်။ ဥရောပနိုင်ငံများမှ လာရောက် လည်ပတ်မှုတွင် ပြင်သစ်နိုင်ငံက အများဆုံးဖြစ်ပြီး ၃၀၀၆၄ ဦး၊ ဒုတိယ အများဆုံးမှာ ဗြိတိန် နိုင်ငံဖြစ်ပြီး ၂၄၂၉၆ ဦး၊ တတိယ အများဆုံးမှာ ဂျမနီနိုင်ငံဖြစ်ပြီး ၂၃၀၆၃ ဦးတို့ ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။