ရခိုင်ပြည်နယ် မောင်တောမြို့ အောင်မြေဗောဓိ ရပ်ကွက်တွင် ယမန်နေ့ နံက် ၈ နာရီချိန်ခန့်တွင် မီးလောင်မှုတခု ဖြစ်ပွားရာ အိမ် တလုံးလောင်ကျွမ်း၍ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တောမှ လာသော သတင်းများ အရ သိရသည်။ ယခု မီးလောင်သော အိမ်မှာ လောင်ဆာဆီ သိုလှောင်သော အိမ်ဖြစ်ပြီး အနီးပတ်ဝန်ကျင်းမှ လူများဝိုင်းဝန်း ငြှိမ်းသတ်ကြသဖြင့် တခြားအိမ်များသို့ ကူးဆက်ခြင်းမရှိကြောင်း သွားရောက်ကြည့်ရှုခဲ့သည့် မောင်တောမြို့ခံတဦးက ပြောသည်။ မီးလောင်မှုကြောင့် ယင်းအိမ်မှ အိမ်ရှင် လင်မယား၂ ဦး ဒဏ်ရာရပြီး ဇနီးဖြစ်သူမှာ မီးလောင်ဒဏ်ရာ များပြားနေသောကြောင့် မောင်တောဆေးရုံမှ ဘူးသီးတောင် ဆေးရုံသို့ပို့ဆောင် လိုက်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။