အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြို ပြည်ထောင်စုဖလား အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၈ မှ မတ် ၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထား သည်။ နှစ်ပေါင်း ၄၄ နှစ်အကြာတွင် တကျော့ပြန် ပြန်လည်ကျင်းပခွင့်ရခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ အကြိုကျင်းပခြင်းဖြစ်ပြီး အားကစားနည်းအလိုက် ကျင်းပမည့် နေ့ရက်နှင့် နေရာများလည်း သတင်းစာတွင် ဖော်ပြပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။