ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှ စ၍ မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အထိ မြန်မာနိုင်ငံတွင်း ဖြတ်ဖောက်ရန် သတ်မှတ်ထားသော အာရှ လမ်းမကြီး အမှတ်(၁) ကို ထိုင်း ကုမ္ပဏီ See Sang Kam Yotah (1979) Co.,Ltd က တာဝန်ယူ၍ ကရင်ပြည်နယ် ကော့ ကရိတ်မြို့အထိ ဆက်လက် ဖောက်လုပ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် အာရှလမ်းမကြီး ၄ လမ်းရှိရာ ယခု ဖောက်လုပ် အမှတ်(၁) လမ်းကို ၂၀၀၆ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ သင်္ကန်းညီနောင်မြို့အထိ ထိုင်းနိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။