တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းမှ စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနေကြောင်း သတင်းရသည်။ အစိုးရဘက်မှ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးထွန်းထွန်းဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်၊ ဦးမင်းဇော်ဦး၊ ဦးဖြိုးဝေကျော် စသည့် ၁၀ ဦးခန့် တက်ရောက် ကြောင်း၊ UNFC ဘက်က ဦးခွန်ဥက္ကာ၊ ဦးအောင်ဆန်းမြင့်၊ နိုင်ဟံသာ၊ ဒေါက်တာ လဂျာ၊ ခူးဦးရယ်၊ ဦးပန်ဖ အစရှိသည့် ၁၂ ဦးခန့် တက် ရောက် ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောသည်။ ဆွေးနွေးပွဲ ပြီးဆုံးသည့် ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ဂျပန် နီပွန်ဖောင်ဒေးရှင်း က ကူညီခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။