ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၏ သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ မေးမြန်းချက်ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမြင့်ဇော် က ယင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။ စီမံကိန်းများမှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင်(မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာ သစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး စသည့် ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်ကြောင်း၊ သို့ရာတွင် အသေးစိတ် အခြေ အနေများ၊ နိုင်ငံတော် အကျိုးအမြတ်နှင့် အဆုံးအရှုံးဖြစ်ပေါ်မှုများကို ဖြေကြားပေးခြင်း မရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။