ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ရုရှား ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Sergy K. SHOUGU နှင့်တွေ့ဆုံကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ရုရှား ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၅ နှစ် ပြည့်မြောက်ချိန်တွင် လာရောက်သော ခရီးစဉ်ဖြစ်ကြောင်း၊ ၁၉၆၃ ခုနှစ်တွင် ရုရှား ကာကွယ်ရေး ဝန်ကြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ယခု နှစ်ပေါင်း ၅ဝ ကြာချိန်တွင် ဒုတိယအကြိမ် ထပ်မံ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနှင့် ရုရှား နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများသည် လုံခြုံရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။