ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ လုပ်ဆောင်ရသည့် နိုင်ငံခြား ထွက်ခွာခွင့်ပုံစံ (က) (D-Form) ပြုလုပ်ရခြင်းကို ၂၀၁၃ ခုနှစ် ဧပြီလတွင် ပယ်ဖျက်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဧရာဝတီသို့ ပြောသည်။ အဆိုပါနိုင်ငံခြား ထွက်ခွာခွင့်ပုံစံ တင်ပြရခြင်းမှာ ၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ဆောင်ရွက်ရခြင်း ဖြစ်ပြီး ယနေ့ခေတ်စနစ်နှင့် ကိုက်ညီခြင်း မရှိသည့်အတွက် ပယ်ဖျက်ခြင်း ဖြစ်ကြောင်း၊ မူလ ဥပဒေပယ်ဖျက်ရေး ဦးစွာတင်ပြပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရလျှင် D-Form စနစ်ကို ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း၊ ဧပြီလတွင် ဖျက်သိမ်းမည် ဖြစ်သော်လည်း ရက်အတိအကျကို မပြောနိုင် သေးကြောင်း ဦးမောင်မောင်သန်း၏ အဆိုအရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။