ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းအပေါ် သတင်းမီဒီယာများက ကန့်ကွက်နေမှုနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီက သတင်းမီဒီယာသမားများနှင့် မတ်လ ၉ ရက်နေ့ မနက် ၉ နာရီတွင် ရှစ်မိုင်ရန်ကုန်ဟိုတယ်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းပွဲသို့ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့် တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာသတင်းသမဂ္ဂတို့မှ ကိုယ်စားလှယ်များနှင့်သတင်းမီဒီယာသမားများတက်ရောက်ကြမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။