မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၆၀၀ မျှ ကုန်ကျမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ကိုရီးယား အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်း(IIAC)က လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် ယင်းစီမံကိန်း ဆောင်ရွက် မည့် IIAC ကို ကိုရီးယား ထုတ်ကုန်-သွင်းကုန်ဘဏ်(The export-import bank) က ထောက်ပံ့ ကူညီပေးမည်ဟုလည်း Korean Herald သတင်း တရပ်တွင် ဖော်ပြထားသည်။ ဟံသာဝတီ လေဆိပ်ကို လုပ်ကိုင်ခွင့် ရရှိရန် IIAC အပါအဝင် တရုတ်၊ ဂျပန်နှင့် ဥရောပနိုင်ငံများမှ ကုမ္ပဏီ ၇ ခုက အဆိုပြုထားကြပြီး မည်သူ လုပ်ကိုင်ခွင့်ရမည်ကို ယခုနှစ် ဇွန်လတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တနှစ်လျှင် ခရီးသည် ၁၀ သန်းကျော်ကို ဝန်ဆောင်မှု ပေးသွားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။