ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တဦးကို မတ်လ ၁၃ ရက်နေ့က မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ၎င်းတို့ ၄ ဦးသည် မောင်တောမြို့နယ်၊ တောင်ပြိုမြို့နယ်ခွဲ နယ်မြေအတွင်း ဝင်ရောက်လာသဖြင့် မြန်မာ နစကများက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် ရဲ ၃ ဦးမှာ ကောက်စ်ဘဇား မြို့နယ် ရေဒီယိုစခန်းတွင် တာဝမ်ဆောင်းဆောင်သူများ ဖြစ်ပြီး အရပ်သားမှာ ကူတူပါလန် ကျေးရွာမှ ဖြစ်ကြောင်း၊ ဖမ်းဆီးထားမှုကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ အကြောင်းကြားထားကြောင်း သိရသည်။ ယခုလ ၂ ရက်နေ့ကလည်း မြန်မာ နစက ၄ ဦး ဘင်္ဂလားဒေ့ရှ် ပိုက်နက်ထဲသို့ ကျူးကျော် ဝင်ရောက်လာသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာဘက်သို့ စာပို့ ကန့်ကွက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။