ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထမြို့နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်း တနေရာကို ယခုလ ၂၀ ရက်နေ့ နောက်ဆုံး ထားပြီး ထပ်မံ ဆုတ်ခွာပေးရန် အစိုးရစစ်တပ်က အကြောင်းကြားထားကြောင်း သိရသည်။ ယင်း လွိုင်မို့နန်းလျန်း တပ်စခန်းကို အစိုးရ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဒု တိုင်းမှူး အဆင့်ရှိသူတဦးက ပြီးခဲ့သည့် တပတ်က ညွန်ကြားထားပြီး ၎င်းတို့၏ တပ်စခန်း အနီးအနားတွင် အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။ မတ်လ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲရှိ လွိုင်လျန်း တပ်စခန်းတခုမှ ဆုတ်ပေးရန် အကြောင်းကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၏ တောင်းဆိုမှုကြောင့် ဆုတ်ပေးခဲ့ရသေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။