ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့နှင့် ရန်ကုန်ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္နူဘာသာ စသည့် ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ကြောင်း သတင်းရရှိသည်။ မကြာသေးမီ ရက်ပိုင်း က မိတ္ထီလာမြို့တွင် ဆူပူ အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများဖြစ်ပြီးနောက်ပိုင်း မိတ္ထီလာမြို့နှင့် အနီးတဝိုက်ကို သမ္မတ ဦးသိန်းစိန် အစိုးရက အရေးပေါ် အခြေ အနေ ကြေညာပြီးနောက်ပိုင်း ကောလဟာလများလွှင့်ထုတ်မှုသည် ရန်ကုန်တိုင်း အတွင်းသို့ပါ ကူးဆက်ပြန့်ပွားလာမည်ကို စိုးရိမ်၍ မလိုလားအပ်သည့် အခြေအနေများ၊ မတည်ငြိမ်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ရန်ကုန်တိုင်းအစိုးရက ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။