ထိုင်းနိုင်ငံ မဲဆောက် အထူးစီးပွားရေးဇုန်နှင့် အာဆီယံ စီးပွားရေးအဖွဲ့အစည်း (AEC) တို့အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ထိုင်းနိုင်ငံမှ Nok Air လေကြောင်းလိုင်းသည် မဲဆောက်မြို့မှ မော်လမြိုင်မြို့ ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ Nok Air လေကြောင်းလိုင်းမှ တာဝန်ရှိသူများ ဦးဆောင်ပြီး ယမန်နေ့က မော်လမြိုင်သို့ သွားရောက်လေ့လာခဲ့ကြောင်း၊ Nok Air လေကြောင်းလိုင်း အနေဖြင့် ရန်ကုန်မြို့သို့လည်း တိုးချဲ့ ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။ ယခု Nok Air ၏ ခရီးစဉ် တိုးမြှင့်မှုသည် ၂၀၁၅ ခုနှစ်တွင် စတင်မည့် AEC ပေါ်ပေါက်လာရေး ဦးတည်ပြီး ထိုင်း – မြန်မာ ၂ နိုင်ငံ နယ် စပ် ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အရှိန်မြှင့် တင်ရေးတို့အတွက် မကြာသေး မီက ၂ နိုင်ငံ သဘောတူညီမှုကို ထင်ဟပ်သည့် လုပ်ရပ်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။