ထိုင်းနိုင်ငံ ကရဘူရီ ခရိုင် ရနောင်း မြို့နယ်နှင့် ထိစပ်နေသော မြန်မာ နယ်စပ်တနေရာတွင် မြန်မာစစ်သား ၁၃ ဦး သတ်ဖြတ်ခံရပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း လုံခြုံရေးသတင်းရပ်ကွက်၏ အဆိုကို ကိုးကား၍ ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော် ပြထားသည်။ ယင်း သတ်ဖြတ်မှုသည် မည့်သည့်အဖွဲ့အစည်း လက်ချက် ဖြစ်ကြောင်း အတိအကျ မသိရသေးပေ။ သို့သော် နှစ်နိုင်ငံ တာဝန်ရှိသူများက တရားခံများ ဖမ်းဆီးရမိရန် စီစဉ်နေကြာင်း သိရသည်။ ပြီးခဲ့သည့် နှစ် သြဂုတ်လက ထိုနယ်စပ်ဒေသ မြန်မာ ပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်း လူမျိုး ၉၂ ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ဖူးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။