ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်၏ ဘဝနှင့် ဆောင်ရွက်ခဲ့သော တာဝန် ဝတ္တရားများကို လေ့လာနိုင်မည့် ဦးသန့် နေအိမ်နှင့် ပြတိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကမာရွတ်မြို့နယ် ပန်းဝါလမ်း အမှတ် ၃၁ တွင် ကျင်းပကြောင်း သိရသည်။ ဦးသန့်သည် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစွာ ဆောင်ရွက်ခဲ့သူများတွင် ပါဝင်ခဲ့သူ တဦးဖြစ်သလို၊ နောင် ကမ္ဘာ့ လူသား မျိုးဆက်များအတွက် အသားအရောင်၊ လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ယုံကြည်မှုများ မခွဲခြားဘဲ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ ပဋိပက္ခများဖြေရှင်းဆောင်ရွက်မှုများဖြင့်လူသားသားဆန်သော ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်တဦးလည်းဖြစ်သည်။ ဦးသန့်နေအိမ်နှင့် ပြတိုက်ကို Yangon Heritage Trust တည်ထောင်သူ ဦးသန့်၏ မြေး ဦးသန့်မြင့်ဦးနှင့် သမီး မအေးအေးသန့်တို့က ဦးဆောင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။