ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ခန်းမတွင် ယမန်နေ့က ကျင်းပသည့် တောင်သူ လယ်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ရေးဆွဲရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်သူများသည် Primary Producer(အခြေခံကုန်ထုတ် စွမ်းအားရှင်)များဖြစ်ကြောင်း၊ ယင်းတို့၏ အခွင့်အရေးအတွက် ခေတ်စနစ်နှင့် အညီ ဥပဒေ ကိုလည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဥပဒေ အမြန်ပေါ်ထွက်လာရေး အတွက် တာဝန်ရှိသူ အသီးသီးနှင့် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။