ယခုနှစ် သင်္ကြန် ၄ ရက်တာအတွင်း တနိုင်ငံလုံးတွင် အမှုပေါင်း ၁၉၈ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆ ဦးရှိကြောင်း သိရသည်။ သေဆုံးမှု၏ တဝက်ခန့်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ သေမှုသေခင်း ဖြစ်စဉ်များတွင် ရေနစ်သေဆုံးခြင်း၊ အရက်အလွန်အကျွံ သောက်သုံးပြီး သေဆုံးခြင်းတို့မှာ အများစုဖြစ်ကြောင်း၊ ယခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများသည် ယမန်နှစ်ထက် လျော့နည်းကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။