ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံခြား သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရေး၊ ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရေး၊ ဝင်ငွေ တိုးတက် ရရှိရေး စသည့်အစီအစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ လက်ရှိတွင် နိုင်ငံခြား သင်္ဘောကြီး ၁၈ စင်း ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၁၈ စင်းရှိနေရာမှ နောက်ထပ် ၁၄ စင်း ဆိုက်ကပ်နိုင်ရန် ဆိပ်ခံ တံတား ၁၄ စင်း ထပ်မံတိုးချဲ့တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ သီလဝါရှိ ဆိပ်ခံတံတား ၃၇ စင်းတွင်လည်း မြန်မာ ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ၇ ခုသာ ဆောင်ရွက်ရန်ရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆိပ်ခံတံတား ၃၀ ဆောင်ရွက်လျက် ရှိသဖြင့် နိုင်ငံတော်က ၂၄ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၇၆ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။