ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့ရာ မြို့နယ်များရှိ ဒုက္ခသည်စခန်းများတွင် မိုးမကျမီ အချိန်မီ အမိုးအကာအောက် ရောက်ရှိရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု စသည့်ကိစ္စရပ်များကို ဧပြီလ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဆွေးနွေးကြကြောင်း သိရသည်။ ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးရေး (ဆွဲ၊ တင်၊ စစ်) လုပ်ငန်း စီမံချက် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ယာယီကယ်ဆယ်ရေး အဆောက်အအုံများ ဆောက်လုပ်ရေးနှင့် ပြန်လည် နေရာချထားရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။