တရုတ်နိုင်ငံက စစ်သုံး ရဟတ်ယာဉ်များကို “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ ပေးပို့ ကူညီကြောင်း သတင်းရသည်။ TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီ လကုန်ပိုင်းနှင့် မတ်လဆန်းက UWSA သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် မြန်မာ အစိုးရ သတင်းရင်းမြစ်များကို ကိုးကားပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review မဂ္ဂဇင်းက ဖော်ပြထားသည်။ UWSA သည် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံမှ လက်နက် တပ်ဆင် ထားသည့် စွမ်းဆောင်ရည်မြင့် ကာကွယ်ရေးပစ္စည်းများ အကူအညီရခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။