မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့ဘက်ကနေ ဝင်ရောက်လာသည့် စိတ်ကြွဆေးပြား ၂၀၀၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ခ်နာ မြို့တွင် ယမန်နေ့က Border Guard of Bangladesh (BGB) အမှတ် ၄၂ တပ်ရင်းက ဖမ်းဆီးရမိကြောင်း သိရသည်။ ယင်းစိတ်ကြွဆေးပြားများကို အမှတ် ၄၂ BGB တပ်ရင်းမှာ တပ်ကြပ်ကြီး မူဟာမက် လူဖော် ရိုးဟားမန်းဦးစီးသည့်အဖွဲ့က ဖမ်းဆီး ရမိခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် တာ့ခ်နာမြို့တွင် ပြီးခဲ့သည့် လများက စိတ်ကြွဆေးပြား အညံ့စား တပြားကို ၁၃၀ တာကာကနေ အကောင်းစား တပြားကို ၃၀၀ အထိ ရှိခဲ့သော်လည်း ယခုအခါ အညံ့စားမှာ ၇၀ တာကာကနေ အကောင်းစား တပြား ကို တာကာ ၂၀၀ အထိသာ ပေါက်ဈေးရှိနေသည်။ ယခုကဲ့သို့ ဈေးကျသွားခြင်းမှာ မြန်မာဘက်က စိတ်ကြွဆေးပြား အများအပြား ဝင်လာနေသည့် အတွက်ဖြစ်ကြောင့်ဖြစ်သည်ဟု တာ့ခ်နာ စိတ်ကြွဆေးပြား ရောင်းဝယ်သူတဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ငွေလဲနှုန်းမှာ ဘင်္ဂလားဒေ့ရှ် ၁ တာကာကို မြန်မာငွေ ကျပ် ၁၀ ပေါက်ဈေး ရှိနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။