ရှမ်းပြည်နယ် ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု အာရှကမ္ဘာမြေ စက်မှုနှင့် သတ္ထုတူးဖော်ရေး (Geo Asia) ကုမ္ပဏီပိုင် ရွှေတောဒေသတွင် ပြီးခဲ့သည့် မေ၂ ရက် ညက ဖြစ်ပွားခဲ့သော မိုးသည်းထန်၍ ရေကြီးပြီး မြေပြိုရာတွင် သေဆုံးခဲ့သူ အမျိုးသားတဦး၏ အလောင်းကို မေ ၁၄ ရက်က ပြန်လည်တွေ့ရှိခဲ့ပြီး ယမန်နေ့ နေ့လယ်က သင်္ဂြိုဟ်လိုက်ကြောင်း ကလောမြို့နယ် NLD မှ တာဝန် ရှိသူ ဦးကိုကိုထွန်းက ဧရာဝတီ သို့ ပြောသည်။ ယနေ့အချိန်အထိ ကုမ္ပဏီမှ ငှားရမ်းထားသော တရုတ်နိုင်ငံသား ၂ဦး ၏ အလောင်း များကို မတွေ့ရှိသေးသဖြင့် ဆက်လက် ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။