ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် Sumitomo, NEC, နှင့် NTT တို့သည် မြန်မာနိုင်ငံတွင် အင်တာနက် ဖိုင်ဘာ ဆက်ကြောင်း စနစ်နှင့် ပတ်သက်ပြီး လုပ်ကိုင်ရန် မြန်မာအစိုးရနှင့် စာချုပ်ချုပ်ဆိုပြီးကြောင်း ဂျပန် သတင်းများတွင် ဖော်ပြ ထားသည်။ ယင်းသို့ အဆင့်မြင့် ဖိုင်ဘာ ဆက်ကြောင်း စနစ် လုပ်ဆောင်ခြင်းအားဖြင့် တစက္ကန့်လျှင် ၃၀ ဂျီဂါဘိုက်အထိ ဒေတာ အချက် အလက် များ ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိက မြို့ကြီး ၃ မြို့ ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ကို ဆက်သွယ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း လုပ်ငန်းအတွက် ဂျပန်ယန်း ၁ ဒဿမ ၇၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၆ ဒဿမ ၇ သန်း) ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း ကုမ္ပဏီများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။