ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းမည့် ခြင်းလုံးကစားနည်းကို ကန့်ကွက် လိုကြောင်း သိရသည်။ ဖိလစ်ပိုင် အားကစား ကော်မရှင် (Philippine Sports Commission-PSC) ဥက္ကဋ္ဌ Richie Garcia က ကန့်ကွက် သွားမည် ဖြစ်ကြောင်း၊ ကန့်ကွက် လိုသည့် အားကစားနည်းတွင် အထူးသဖြင့် မြန်မာ့ရိုးရာ အားကစားနည်း ဖြစ်သော ခြင်းလုံး ကစားနည်းကဲ့သို့ ရိုးရာ အားကစားနည်းများ ဖြစ်ကြောင်း The Philippine Star သတင်းတရပ်၌ ဖော်ပြထားသည်။ PSC အကြီး အကဲ တဦးအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် အားစားနည်းများ ပြင်ဆင် ထည့်သွင်းခြင်း မပြုလုပ်ရန် ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။