မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ လှေဖြင့် ခိုးဝင်ရာမှ သေဆုံးသည်ဟု ယူဆရသော အလောင်း ၁၂ လောင်းကို ထိုင်းနိုင်ငံ ရနောင်းမြို့ ကမ်းခြေ၌ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ၎င်းတို့သည် မုန်တိုင်းမိရာမှ လှေနစ်မြှုပ်ပြီး သေဆုံးသည်ဟု ထိုင်းရဲက ယူဆသည်။ ယမန့်နေ့က အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ ဦး၏ အလောင်း ၉ လောင်းကို ရနောင်း ခရိုင်ရှိ ချန်ကျွန်းအနီး တွေ့ရှိရကြောင်း၊ ယင်းမတိုင်မီ တရက်ကလည်း မြန်မာရေပိုင်နက်အနီး ယင်းဧရိယာဝန်းကျင်တွင် အမျိုးသမီး အလောင်း ၃ လောင်း တွေ့ရှိရကြောင်း ထိုင်း ရေကြောင်းရဲမှူး Niran Chuayjit က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။ အသက်ရှင်ကျန်ရစ်သည့် ၃၈ ဦးကိုလည်း ကယ်တင်ထားကြောင်း ရဲမှူးချုပ် Taweeporn Churin ကို ကိုးကား၍ အေပီသတင်းဌာနက ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။