ရခိုင်ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ တနှစ်ပြည့်ချိန် အထိ ဒုက္ခသည် ၁၄၀၀၀၀ ကျော် ရှိနေသေးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ ယင်း ဒုက္ခသည်များနှင့် ပတ်သက်ပြီး မြန်မာအစိုးရက မှတ်ပုံတင်စာရင်း ပြုစုနေမှုကိုလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ကူညီ ထောက်ပံ့ပေးရန် အဆင်သင့် ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေသန့် နှင့် မိလ္လာ စနစ်များနှင့် ပတ်သက်ပြီး အစိုးရ အာဏာပိုင်များနှင့် တွဲဖက်၍ အကူအညီများ ပေး နေကြောင်း လည်း ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ချက်၌ ပါရှိသည်။ ရခိုင်ဒေသ၌ ယမန်နှစ် ဇွန်လက ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် များအကြား အကြမ်းဖက် ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။