မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ တားမြစ် ကန့်သက်ချက် အားလုံးကို ကမ္ဘာ့ အလုပ် သမား အဖွဲ့ချုပ်(ILO)က ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့၌ ဇွန်လ ၅ ရက်နေ့မှ ၂၀ ရက်အထိ ကျင်းပနေသော (၁၀၂) ကြိမ် မြောက် အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ အတွင်း ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း အစိုးရသတင်းစာများ၌ ဖော်ပြထားသည်။ ယင်း တားမြစ် ကန့်သတ်ချက်များကို ၁၉၉၉ ခုနှစ် ၈၇ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ နှင့် ၂၀၀၀ ပြည့်နှစ်က ကျင်းပသည့် ၈၈ ကြိမ်မြောက် ညီလာခံတို့မှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။