ရခိုင်ဒေသရှိ ဒုက္ခသည်များ ဘဝရပ်တည်နိုင်ရေးအတွက် အကူအညီများ ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန် ပြောဆိုလိုက်သည်။ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်သော ယမန်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး၌ ဆွေးနွေး ပြော ဆို ခြင်းဖြစ်သည်။ ဒုက္ခသည်များ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် လယ်ယာစိုက်ပျိုးရေး၊ သား ငါး ရှာဖွေရေး၊ ဈေးရောင်း ဈေးဝယ် လုပ်ငန်း၊ တနိုင်တပိုင် သယ်ပို့လုပ်ငန်း စသည်တို့ကို စီးစဉ်ဆောင်ရွက် ပေးထားကြောင်း၊ ဒုက္ခသည်များ အတွက် အစိုးရ ဘဏ္ဍာငွေဖြင့် ဒေသခံ ဆောက်လုပ်ရေး အဖွဲ့များက ဆောက်လုပ်ပေးနေသော အိမ်တန်းလျား ၉၈၉ လုံးထဲမှ ၅၅ လုံးသာ ဆောက်လုပ်ရန် ကျန်ရှိကြောင်း၊ ဇွန်လ ကုန်ပိုင်း၌ အားလုံးပြီးစီးရန် ခန့်မှန်းထားကြောင်းလည်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။