နိုင်ငံတကာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကွန်ဖရင့် တရပ်ကို လာမည့် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှ ၂၂ ရက်နေ့အထိ ကုန်သည်ကြီး များ ဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါ ကွန် ဖရင့် ကို ကမ္ဘာ့ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ခရီးသွားလုပ်ငန်း ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ နှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် သည့် လုပ်ငန်းများမှ လူ ၃၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ကာလအတွင်း မြန်မာ နိုင်ငံ သို့ ခရီးသွား ဧည့်သည် ၁ သန်းခွဲ ကျော် ရောက်ရှိခဲ့ရာ ၂ဝ၂ဝ ပြည့်နှစ်၌ ခရီးသွားဧည့်သည် ၇ ဒသမ ၅ သန်းအထိ လာရောက် ရန် မျှော်မှန်း ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။