သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr သည် လာမည့် သီတင်းပတ်တွင် မြန်မာပြည်သို့ လာရောက်မည်ဖြစ်ကြောင်း Australia Network News သတင်း တရပ်၌ ဖော်ပြထားသည်။ ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ၊ သြစတြေးလျ-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးနှင့် ပညာရေ¬း၊ ရခိုင်ပြည်နယ်တွင် တွေ့ကြုံနေရသည့် အကျပ် အတည်း များ အပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ သြစတြေးလျအနေနှင့် ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းစဉ်များတွင် ရင်းနှီးနီးကပ်စွာ ပူးပေါင်းဆောင် ရွက် ကာ မြန်မာပြည်သူများအား အားပေး မြှင့်တင်သွားမည်ဟု လည်း ဆိုသည်။ Bob Carr သည် ယမန်နှစ် ဇွန်လအတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။