အစိုးရ စစ်တပ်အတွင်း အသက်မပြည့်သည့် ကလေးစစ်သား ၄၂ ဦး ပြန်လည် လွှတ်ပေးလိုက်သည့် အပေါ် ကုလသမဂ္ဂက ကြိုဆိုလိုက်သည်။ ဇူလိုင် ၇ ရက်နေ့က ထိုကလေးစစ်သားများကို စစ်တပ်က နုတ်ထွက်ခွင့် ပေးလိုက်သည့် အတွက် ကြိုဆိုကြောင်း၊ ကလေးစစ်သားများ လုံး၀ မရှိစေရန် အရှိန်မြှင့်၍ ဆက်လက် ဆောင်ရွက်စေလိုကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF) မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က ပြောဆိုသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ကလေးစစ်သား အားလုံး ပြန်လွတ်ရေး ကုလသမဂ္ဂနှင့် သဘောတူခက်အရ ၂၀၁၂ ခုနှစ် စက်တင်ဘာလက ၂၄ ဦးပြန်လွှတ်ခဲ့ပြီး ပြန်လွတ်လာသည့် ကလေးစစ်သား အားလုံး ၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။