တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဗဟို စစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Fan Changlong နှင့် သမ္မတ ဦးသိန်းစိန် သည် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် နယ်စပ် ဒေသများ ပိုမိုတည်ငြိမ်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နေမှု၊ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် စီစဉ် ဆောင်ရွက်မှု၊ နှစ်နိုင်ငံ အစိုးရအဖွဲ့ချင်းသာမက တပ်မတော် ၂ ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်မှု၊ အစိုးရသစ် လက်ထက် အရှေ့အနောက် မခွဲခြားဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးမှုများအပေါ် ဆက်လက်အကောင်အထည် ဖော်သွားရန်နှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သိရသည်။ General Fan Changlong ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူရ ဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။